Bangkok တွင် Condo ဝယ်ယူထားသော၊ အခန်းပိုင်ရှင်များအတွက်၊ TM30 Account Register ပြုလုပ်နည်း။
အားလုံးပဲ၊ မင်္ဂလာပါရှင်။ ဘန်ကောက်တွင် Condo ဝယ်ယူထားသော အခန်းပိုင်ရှင်များသည်၊ Title Deed ရပြီးပါက၊ TM30 Account ဖွင့်ထားရန်လိုအပ်ပါသည်။ အခန်းဝယ်ပြီး၊ ပြန်ဌားသည်ဖြစ်စေ၊ မိမိကိုယ်တိုင်နေထိုင်သည်ဖြစ်စေ၊ TM30 ပြုလုပ်ပြီးမှ နေထိုင်လို့ရပါသည်။
TM30 ဆိုတာဘာလဲ? (မသိသေးသူများအတွက် Share ပေးခြင်းဖြစ်ပါသည်)။
TM30 ဆိုသည်မှာ ဧည့်စာရင်းဖြစ်ပါသည်။ မိမိနေထိုင်ရာ နေရပ်လိပ်စာပေါ် မူတည်ပြီး၊ ဧည့်စာရင်းတိုင်ရပါသည်။ အိမ်ဌားနေသည်ဆိုပါက အခန်းပိုင်ရှင်မှ၊ အိမ်ဌားအတွက်၊ ဧည့်စာရင်းတိုင်ပေးပြီး၊ TM30 ကိုအိမ်ဌားအား၊ ထုတ်ပေးထားပါသည်။ ထို TM30 ဖြင့်၊ Visa တိုးခြင်း နှင့် အခြားသော TM30 တောင်းသည့် ကိစ္စရပ်များတွင်အသုံးပြုရပါသည်။ အရင်တုန်းက အိမ်စဌားလျှင်၊ 3 လစာချုပ်ဖြစ်ပါက၊ အိမ်ရှင်မှ TM 30 အား 3 လစာနေထိုင်မှုအတွက်၊ တစ်ကြိမ်သာထုတ်ပေးရန်လိုပါသည်။ နောက်ပိုင်းတွင်၊ Thai Immigration မှ Visa တစ်ခါတိုးလျှင် TM 30 Update အား၊ ပြန်တောင်းလေ့ရှိသောကြောင့်၊ အိမ်ရှင်ဘက်မှ ဒီဟာကိုသိရှိပီး သဘောတူထားဖို့လိုပါသည်။ Agent များသည်လဲ အခန်းမဌားပေးမီ၊ ဤကိစ္စအား၊ အိမ်ရှင်ကိုပြောပြထားရန်လိုအပ်ပါသည်။
TM 30 Account ဖွင့်နည်း။
အဆင့် ၁ – လိုအပ်သည့် စာရွက်စာတမ်းများအား ရှင်းလင်းပြတ်သားစွာ၊ ဓါတ်ပုံရိုက်ထားရပါမည်။ မရိုက်တတ်လျှင်၊ Scan ဖတ်ထားရပါမည်။
System ပေါ်တွင် တင်ရမည့်၊ လိုအပ်သည့် စာရွက်စာတမ်းများ။
– Title deed (Chanote) or Condo ownership certificate (all pages).
– House Registration. (အပြာရောင်စာအုပ်)
– Passport (Bio Page, Visa Page, Latest entry stamp page).
အဆင့် ၂ – TM30 လျှောက်သည့် Link ကိုနှိပ်ပါ – https://extranet.immigration.go.th
အဆင့် ၃ – အကောင့်သစ်လျှောက်ရန်အဆင့်များ။
– Website ထဲရောက်ပြီဆိုပါက “Registration” ကိုနှိပ်ပါ။
– “For House Master/Owner” ကိုရွေးပါ။
အောက်ပါ အချက်အလက်များကိုဖြည့်ပါ။
– Full name
– Passport number
– Property address (Owner book ထဲကလိပ်စာအတိုင်း၊ ဖြစ်ရပါမည်)
– Contact info (email, phone)
– အဆင့် ၁ တွင်ပြင်ဆင်ထားပြီးဖြစ်သော၊ Scan ဖတ်ထားသည်များကို၊ System ပေါ်တွင်တင်ပါ။
အဆင့် ၄
– အကောင့် Create လုပ်ပြီးပီဆိုပါက Website ထဲသို့ပြန်ဝင်ပြီး၊ Login ပြန်ဝင်ပါ။
– ဝင်လို့ရပီဆိုပါက၊ မိမိအတွက်ပဲဖြစ်ဖြစ်၊ အိမ်ဌားအတွက်ပဲဖြစ်ဖြစ်၊ TM30 တင်နိုင်ပါပြီ။ TM30 တင်ပြီးပါက၊ PDF format အနေဖြင့် ထုတ်ထားရန်လို့အပ်ပါသည်။ သို့မှသာ၊ လိုအပ်သည့် အချိန်တွင်၊ Print ထုတ်ပြီး၊ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ TM30 ပြုလုပ်ပုံနည်းကို Sample ပုံလေးတွေနဲ့လဲပြထားပေးပါတယ်ရှင်။
TM 30 နှင့်ပါတ်သက်၍အားလုံးပဲ အဆင်ပြေကြပါစေရှင်။ Condo နှင့်ပါတ်သက်၍ ဖြစ်စေ၊ အိမ်ယာများဝယ်ယူမှုနှင့်ပါတ်သက်၍ ဖြစ်စေ၊ သိလိုတာလေးတွေရှိရင် အချိန်မရွေးမေးမြန်းနိုင်ပါတယ်ရှင်။


