ထိုင်းနိုင်ငံတွင် အခန်းဌားမည်ဆိုလျှင်၊ သိထားသင့်သည့် အချက်များ။
ဘန်ကောက်တွင် Condo ဝယ်ပြီးပြန်ဌားမည့် အခန်းပိုင်ရှင်များနှင့် ဌားနေမည့်သူများအတွက် ရေရှည်ဆက်ဆံရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ Agency တစ်ခုအနေဖြင့် အတွေ့အကြုံများစုစည်းပြီးယခု Post လေးကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်ရှင်။
ဘန်ကောက်တွင် လတ်တလော သတ်မှတ်ထားသည့် အိမ်ရှင်၊အိမ်ဌား Rules and Regulations လေးတွေကို အရင်ပြောပြပေးသွားပါမယ်ရှင်။ အချို့ သတ်မှတ်ချက်များသည် အိမ်ရှင်တွေပေါ်မူတည်ပြီး၊ ပြောင်းလည်းမှုရှိနိုင်ပါသည်။ အဓိကအရေးကြီးသည်မှာ၊ အိမ်မဌားခင်၊ သတ်မှတ်ချက်များကိုအိမ်ရှင်နှင့် သေချာမေးမြန်းပြီး လက်ခံနိုင်မှ ဌားသင့်ပါသည်။ အိမ်ဌားမည်ဆိုလျှင်၊ မိမိလိုချင်သောအခန်းပုံစံ၊ Location သာမက အိမ်ရှင်၏ စိတ်နေသဘောထား၊ အိမ်ရှင်ဘက်မှကြည့်လျှင် အိမ်ဌားမည့်သူ၏ သဘောထား စသည်တို့ကိုပါအပြန်အလှန်လေ့လာရန် အထူးအရေးကြီးပါသည်။ သို့မှသာနောက်ပိုင်းတွင်၊ မလိုလားအပ်သော၊ ကတောက်ကဆဖြစ်ခြင်းများ၊ အထင်လွဲမှုများကို ကာကွယ်နိုင်မှာ ဖြစ်ပါသည်။
အိမ်ရှင်ဘက်မှ၊ အိမ်မဌားခင် ပြင်ဆင်ထားရမည့်အချက်များ။
– အိမ်ဌားမဝင်ခင် အခန်းအား Deep cleaning တစ်ကြိမ်ဝင်ထားပေးဖို့လိုပါသည်။
– အိမ်ဌားမဝင်ခင် Aircon တစ်ကြိမ်ဆေးထားပေးခြင်း၊ Gas ဖြည့်ဖို့လိုလျှင် gas ဖြည့်ထားပေးခြင်းများပြုလုပ်ပေးထားရပါမည်။
– အခန်းတွင်းပရိဘောဂများသည် သက်တမ်းရှိပါသည်။ အိမ်ဌားများအဆက်ဆက်တင်ခြင်းကြောင့်၊ ဟောင်းနွမ်း၊ ဆွေးမြေ့သွားခြင်းသည်၊ သဘာဝမို့ အိမ်ဌားဆီမှ အလျော်တောင်းခြင်းသည်အကျုံးမဝင်သည်ကို သိရှိနားလည်ထားရန်လိုအပ်ပါသည်။
– သဘာဝဘေးအန္တာရာယ်များကြောင့်၊ အခန်းပျက်စီးခဲ့သော် အိမ်ဌားဆီမှအလျော်တောင်း၍ မရပါရှင်။ မိမိတို့ဝယ်ယူထားသော Condo တွင်၊ Building Insurance ပါပီးသားဖြစ်သည့်အတွက်၊ သဘာဝဘေးကြောင့်ဖြစ်သော ပျက်စီးမှုများအတွက် Condo ဘက်မှတာဝန်ယူပြင်ဆင်ပေးပါသည်။
– အိမ်ရှင်ဘက်မှ နေခွင့်ပြုထားသည့် အိမ်ဌားအယောက်စီတိုင်းအတွက်၊ TM30 လုပ်ပေးရန်လိုအပ်ပါသည်။
အိမ်ဌားဘက်မှ၊ သိရှိထားရမည့်အချက်များ။
– အိမ်ဌားတော့မည်ဆိုလျှင် Deposit 2 လစာ နှင့် အိမ်လစာ တစ်လစာ၊ စုစုပေါင်း ၃ လစာပေးရပါမည်။ Deposit သည် စာချုပ်ပီးဆုံးပါက၊ အိမ်ရှင်ဘက်မှ၊ အခန်း Deep cleaning လုပ်ခ၊ Aircon မဆေးထားလျှင် Aircon ဆေးခ၊ Electricity ဖိုး၊ ရေဖိုးလက်ကျန်များနှုတ်ပြီးပြန်ပေးပါသည်။ Deposit ကိစ္စသည်၊ အိမ်ရှင်ဘက်မှ ပြန်မပေးလို၍ Additional charges များကောက်ခံသည့် Case များ Tanayar မှဖြေရှင်းခဲ့ရပါသည်။ အောက်စာပိုဒ်တွင် ဆောင်ရန်၊ ရှောင်ရန်များအသေးစိတ်ပြောပြပေးပါမည်။
– Agent ဖြင့်ဌားပါက၊ အိမ်ဌားဖြင့်စာချုပ်ချုပ်သည့်နေတွင်၊ အခန်းတွင်း၊ ဓါတ်ပုံများရိုက်၍ သက်ဆိုင်ရာ Group ထဲတွင်ပို့ပေးထားဖို့လိုပါသည်။
– 1 နှစ်စာချုပ်ဖြစ်ပါက 6 လတစ်ကြိမ်၊ Aircon ဆေးပေးရပါမည်။
– အခန်းတွင်နေရင်း ရေယိုခြင်း၊ ရေပိုက်ပျက်ခြင်း စသဖြင့် ဖြစ်ခဲ့လျှင်၊ အိမ်ရှင်အား ချက်ခြင်းအကြောင်းကြားပေးရန်လိုအပ်ပါသည်။ အိမ်ရှင်တော်တော်များများ ပြင်ပေးကြပါသည်။ ရက်ကြာသွားလျှင် ရေယိုခြင်းကြောင့် အခြားပရိဘောဂများပျက်စီးခဲ့ပါက အိမ်ဌားမှ ပေးလျော်ရသည့်ကိစ္စများဖြစ်လာနိုင်ပါသည်။
– အိမ်ရှင်ဘက်မှ သက်မှတ်ထားသည့် လူအရေအတွက်သာ အိမ်တွင်နေရမည်ဖြစ်ပြီး၊ အိမ်ရှင်ခွင့်မပြုပဲ၊ လက်လွှဲပြန်ဌားခြင်း၊ Pet allow လုပ်သည့် Condo မဟုတ်လျှင်၊ မသိအောင် Pet မွေးခြင်းများပြုလုပ်၍ မရပါရှင်။
Agent ၏အခန်းကဏ္ဍ။
– စာချုပ်သက်တမ်းတလျှောက်လုံး၊ အိမ်ရှင်၊ အိမ်ဌားဘက်မှ လိုအပ်သည့် ကိစ္စများကို Support ပေးရန်လိုအပ်ပါသည်။
– Deposit ကိစ္စအပါအဝင်၊ အခြားသောပြသနာများကို ကြားမှ အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
Tanayar နှင့် Deposit ပြသနာ။
ကျမတို့ ဌားပေးခဲ့သော အခန်းများအနက်၊ မရိုးသားသောအိမ်ရှင် ၃ ယောက်လောက်သာပါခဲ့ပြီး၊ Deposit ပြသနာတက်ခဲ့ပါသည်။ ပထမဆုံးအိမ်ရှင်မှာ Deposit ပြန်ပေးဖို့နေနေသာသာ၊ ကျမတို့အိမ်ဌားဆီမှ ပိုက်ဆံများခနခန ချေးဌားဖို့ ပြောဆိုခြင်းများ၊ အိမ်ဌားခများကို ၃ လစာတစ်ခါတည်းတောင်းဆိုခြင်းများပြုလုပ်ခြင်း၊ စသဖြင့် ပြုလုပ်လာသဖြင့်၊ ထိုကိစ္စများကို ကျမတို့ စိတ်ပင်ပန်းကြီးစွားဖြေရှင်းခဲ့ရပါသည်။
ကျန်အိမ်ရှင်များကတော့ အိမ်ဌားအား Deposit ပြန်ပေးလိုခြင်းမရှိ၍ အိမ်သန့်ရှင်းရေးလုပ်မည်ဟုအကြောင်းပြကာ၊ စာချုပ်ထဲတွင် မထည့်ထားသော သန့်ရှင်းရေးများကိုပြုလုပ်မည်ဟု ပြောပါသည်။ သူပြသည့်ကျသင့်ငွေသည် မဖြစ်နိုင်သော သန့်ရှင်းရေးခဖြစ်နေ၍ ကျမတို့ ပြောသော်လဲ လက်မခံပါ။ ကျန်တစ်ယောက်သည်၊ အစကတည်းက ဟောင်းနွမ်းနေသော၊ Sofa အားအိမ်ဌားများကိုအလျော်တောင်းခဲ့ပါသည်။ ထိုသို့သောကိစ္စများအတွက်၊ အိမ်ဌားဘက်မှသာကြည့်၍ ကျမတို့ ဘက်မှစိုက်လျော်သင့်သည်များ၊ ပေးလျော်ခဲ့ပြီး၊ တာဝန်ယူခဲ့ပါသည်။
ကျမတို့သည် ဤကိစ္စများအားကြိုတင်တွက်ဆခဲ့ပြီး၊ သေချာစိစစ်ပြီးဌားပေးခဲ့ခြင်းဖြစ်သည့်အတွက်၊ သုံးယောက်လောက်သာ၊ တွေ့ကြုံခဲ့ရခြင်းဖြစ်ပါသည်။
အိမ်ရှင်ကောင်းပြီး၊ အိမ်ဌားအဆင်မပြေသည်လဲရှိခဲ့ပါသည်။ ဖြစ်သည့်အခြေနေပေါ်မူတည်ပြီး၊ Agent ၏တာဝန်ဝတ္တရားအတိုင်း၊ တာဝန်ယူဖြေရှင်းပေးရင်း၊ အိမ်ရှင်၊ အိမ်ဌားတွေ ဖြစ်တတ်သည့် အကြောင်းအရာလေးတွေကိုမျှဝေပေးလိုက်ရပါတယ်ရှင်။
အထက်ဖော်ပြပါအကြောင်းအရာများသည် အိမ်ရှင်၊ အိမ်ဌားပြသနာအချို့သာဖြစ်ပါသည်။ယခုထက်ပို၍ ရှုပ်ထွေးသောကိစ္စများလည်းရှိနိုင်ပြီးပြသနာဖြစ်ခဲ့လျှင်၊ တိုင်းတပါးဖြစ်နေ၍
အမှုကိစ္စများရင်ဆိုင်ရလျှင်၊ မိမိတို့လူမျိုးများသာနစ်နာရမည်ဖြစ်ပါ၍ မဖြစ်ခင်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သည်ဟုထင်မြင်မိပါသည်။ အိမ်ရှင်များဘက်မှလဲ မိမိတို့အခန်းမပျက်စီးသွားရေးအတွက်၊ လိုအပ်သည့်စည်းမျဥ်းများကို Contract ထဲတွင်၊ ထည့်ထားရန်လိုအပ်သလို၊ ဌားသူဘက်မှလဲ ဆောင်ရန်၊ ရှောင်ရန်လေးတွေသိရှိထားဖို့လိုအပ်ပါသည်ရှင်။ အာ့လုံးပဲအဆင်ပြေကြပါစေရှင်။


