We found 0 results. View results
Your search results

Condo ဝယ်ယူသည့်အချိန်တွင် ဖြစ်လာနိုင်သည့် ကြန့်ကြာမှုများနှင့် Follow up လုပ်ရသည့် ကိစ္စရပ်များ။

Posted by crypterkey on May 21, 2025
0

Condo စဝယ်ယူသည့်အချိန်တွင် ဖြတ်ကျော်ရသည့် Process အဆင့်များကိုရှေ့ Post တွင်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ Developer ဘက်မှ Documentation ကြန့်ကြာတာမျိုးရှိသလို၊ Payment ပေးချေမှုအပိုင်းတွင်လည်း၊ Thai Bank တွေရဲ့ Policy ပေါ်မူတည်ပြီး၊ ငွေအဝင်ကြန့်ကြာတာမျိုးလည်းရှိတတ်ပါတယ်။ Condo ဝယ်ယူသည်နှင့် Developer ဖက်မှ ယခုကိစ္စများနှင့်ပါတ်သက်ပြီး၊ ဆောင်ရွက်ပေးသူ ရှိကိုရှိရပါမယ်။ စာရွက်စာတမ်းကိစ္စများ၊ Payment အဝင်များကိုစစ်ဆေးပီး လိုအပ်မှုများရှိခဲ့ပါက ဆက်လက်လုပ်ဆောင်ရမည်များကို ပြောပေးရမည့်ကိစ္စများသည် Developer ကလုပ်ပေးမှသာရမည့်ကိစ္စများဖြစ်သောကြောင့် ဖြစ်ပါတယ်။

Developer ဘက်မှဆောင်ရွက်ပေးရသည့် ကိစ္စများအပြင်၊ တခါတရံ Extra လိုက်လုပ်ပေးရသည်များရှိလျှင် Agent ဖက်မှလိုက်ပါဆောင်ရွက်ပေးရသည့် ကိစ္စလေးများလည်းရှိပါတယ်။ Client များသည်၊ နိုင်ငံအသီးသီးမှဖြစ်သည့်အတွက်၊ ဘန်ကောက်တွင်အမြဲရှိမနေနိုင်သည့်အတွက်ကြောင့် လိုအပ်လျှင် Payment လွှဲသည့်ကိစ္စများကို Client ကိုယ်စား၊ ဆောင်ရွက်ပေးရသည်များလည်းရှိပါသည်။ စာရွက်စာတမ်းလိုအပ်သည်များကို နိုတြီပြန်၍ Developer ဆီသို့ပို့ပေးရသည့်ကိစ္စများ၊ Third party inspection team ဖြင့်ချိတ်ဆက်၍ အခန်းစစ်ဆေးပေးခြင်းများစသဖြင့် Process ချောမွေ့စေရန်၊ အခြေနေပေါ်မူတည်၍ ဆောင်ရွက်ပေးရပါတယ်။

Developer အချို့သည်အခန်းအရေအတွက်များသောကြောင့်၊ documentation ပိုင်းမှာလိုတာထက်ပိုကြာတတ်ပါတယ်။ ထိုအခါမျိုးတွင် developer နှင့်တောက်လျှောက် Follow up လိုက်နေရသည်များရှိပါတယ်။ Condo ဝယ်ယူစဥ်တစ်လျှောက်လုံးမှာ Developer ရယ်၊ Agent ရယ်ပူပေါင်းဆောင်ရွက်ပီး၊ အားထုတ်မှသာ Process ကြီးတစ်ခုလုံးက အဆင်ပြေချော့မွေ့မှာဖြစ်ပါတယ်။ Agent ဝင်ပီး လုပ်ပေးလို့မရသည့်အပိုင်းတွေကို Developer မှတိကျစွာဆောင်ရွက်ပေးရမည်များရှိသလို၊ Developer တောင်းသည့် အချက်အလက်များကို Client နှင့်အတူတူဖြစ်စေ၊ ကိုယ်စားဖြစ်စေ လိုက်ပါဆောင်ရွက်ရမည့် တာဝန် Agent တွင်လည်းရှိပါတယ်။

Payment အပိုင်းနှင့်ပါတ်သက်ပြီး requirements လေးတွေ Developer တစ်ဦးနှင့် တစ်ဦးအနည်းငယ်ကွဲပြားခြင်းရှိပါတယ်ရှင်။ FET service ရယူသော Client များတွင် ကိစ္စမရှိသောလည်း၊ Oversea မှလွှဲမည့် Client များအတွက်မူ မိမိလွှဲလိုက်သောနိုင်ငံပေါ်မူတည်၍ ၄င်း၊ ထိုင်းဗဟိုလ်ဘဏ်၏စစ်ဆေးမှုပေါ်မူတည်၍ ၄င်း၊ ကြာချိန် တစ်ဦးနှင့် တစ်ဦးမတူညီကြပါ။ ကျမတို့ Client တွေထဲတွင်၊ ဒီနေ့လွှဲပီး ၃၊ ၄ ရက်လောက်အတွင်း Developer အကောင့်ထဲဝင်သည်များရှိသလို၊ လွှဲပီး သုံပါတ်လောက်ကြာမှ Developer အကောင့်ထဲရောက်သည်များလည်းရှိခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် Developer အကောင့်ထဲသို့ပြန်လွှဲရသည်များလည်းရှိခဲ့ပါသည်။ ဥပမာ – Remark မပြည့်စုံခြင်း၊ ငွေလွှဲစဥ် Exchange rate ကြောင့် Developer အကောင့်ထဲသို့ လိုပြီးရောက်သွားခြင်းကြောင့်ပြန်လွှဲရခြင်း၊ Foreign currency အနေဖြင့်မလွှဲပဲ Thai Baht အနေဖြင့်ပြောင်း၍လွှဲမိခြင်း၊ Bank info, remark များအားလုံးမှန်သော်လည်း၊ ထိုင်းဗဟိုဘဏ်ကစစ်နေ၍ကြာနေခြင်း၊ စသဖြင့် အကြောင်းအရင်းအမျိုးမျိုးဖြစ်တတ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ Developer account ထဲသို့ငွေမရောက်ခဲ့လျှင်၊ ပိုက်ဆံသည်နောက်ဆုံးတွင် လွှဲလိုက်သည့် မူရင်း Bank Account ထဲသို့ Bounce Back ပြန်ဝင်သွားမှာဖြစ်ပါတယ်။ ထိုသို့ဖြစ်ခဲ့လျှင် Client မှနောက်တစ်ကြိမ် Developer account ထဲသို့ပြန်လွှဲပေးရမှာဖြစ်ပါတယ်။ အထက်ပါအကြောင်းအရာမျိုးစုံတို့ကို၊ Client ငွေလွှဲပြီး 4 ရက်လောက်မှစတင်၍ Agent မှ Developer ဖက်သို့ Follow up လိုက်ရတော့မှာ ဖြစ်ပါတယ်။ Agent အနေဖြင့် Payment ကြာနေသည့်ကိစ္စနှင့်ပါတ်သက်ပြီး Developer ရုံးခန်းရှိရာ Head office သို့လူကိုယ်တိုင်လိုက်သွားပီး Follow up လုပ်ပေးရသည်များလည်း ရှိပါတယ်။

Final payment များပေးခြေနေချိန်၊ တဖက်မှာလည်း အခန်းအား Inspection ဝင်ရောက်ရာတွင် ကူညီစီစစ်ပေးနေရပြီး၊ Inspection report အတိုင်း၊ Developer ဖက်မှပြင်ဆင်ပေးပြီးသည့်အခါ၊ လိုက်ပါကြည့်ရှုစစ်ဆေးပေးရပါတယ်။ ပုံမှန် Process run နေစဥ်၊ Client ဖက်မှ၊ contract ထဲတွင်ကနဦးပါဝင်သူများကို အပြောင်းအလည်းပြုလုပ်လိုပါက၊ ထိုကိစ္စရပ်များကိုလည်း၊ Developer နှင့်ညှိနှိုင်းဆောင်ရွက်ပေးရပါတယ်ရှင်။ Contract ထဲတွင်ပါဝင်သူများကို၊ စာချုပ်ချုပ်ပြီးမှ၊ အပြောင်းအလည်းလုပ်လိုလျှင် Developer ပေါ်မူတည်၍ နှစ်ပါတ်ကနေ သုံးပါတ်အတွင်း ကြာချိန်ရှိပါတယ်။

Title Deed ထုတ်ယူသည့် အခြေအနေသည်အများအားဖြင့် Developer ဖက်မှတာဝန်ရှိသူသည် ကနဦး၊ Client ဆီမှရယူထားသောစာရွက်စာတမ်းများနှင့်တကွ၊ လိုအပ်သည်များကိုပြင်ဆင်ပြီး၊ Land Department တွင်သွားရောက်ထုတ်ယူပေးပါတယ်။ Client လိုက်စရာမလိုပါ (Developer တိုက်ရိုက်ဝယ်ယူသော အခန်းများအတွက်သာ ဖြစ်ပါတယ်ရှင်)။ Developer မှ Title Deed ထုတ်ယူပြီးပါက အကြောင်းကြားပေးပါတယ်။ ထိုအခါ Client နှင့် အတူတူသွားရောက်ကြပြီး၊ Title Deed နှင့် သော့များ ထုတ်ယူခြင်း၊ Juristic office တွင် လိုအပ်သည့် Application များကို Client Phone ထဲသို့ထည့်ပေးခြင်း၊ အခန်းကို Final စစ်ဆေးပီး လိုအပ်သည်များထပ်ရှိခဲ့ပါက တခါတည်းပြင်ဆင်ခိုင်းခြင်း၊ စသဖြင့် ပြုလုပ်ပါတယ်။

Ownership လွှဲပြောင်းပေးပီးနောက်ပိုင်းတွင်လည်း၊ Client များနှင့် အဆက်အသွယ်မပြတ်ရှိနေပေးပီး၊ လိုအပ်သည့်ကိစ္စလေးများကို လုပ်ပေးဖြစ်ပါတယ်။ အခန်းပြန်ဌားလိုပါက Owner များကိုယ်စား၊ အဌားအတွက်ဆောင်ရွက်ပေးပါတယ်ရှင်။ Agent ဖက်မှ ကိုယ်တိုင်ဆောင်ရွက်ပေး၍ ရသောကိစ္စရပ်များအားလုံးကို၊ ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးလေ့ရှိပြီး၊ Developer ဆောင်ရွက်ပေးမှရမည့် ကိစ္စများအတွက်၊ ဘေးမှရနိုင်သလောက် Support ပေးပြီး၊ ဆောင်ရွက်ပေးပါတယ်။ Commission ဘယ်လောက်ပေးပေး၊ Supportive ဖြစ်ပြီး၊ Quality ကောင်းသော Developer များဖြင့်သာ ရွေးချယ်အလုပ်လုပ်ပါကြောင်း Client များကိုလေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်ရှင်။

Leave a Reply

Your email address will not be published.

  • Advanced Search

  • Reset Password

Compare Listings