ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူရာ၌ မြန်မာဝယ်လက်များ မဖြစ်မနေ ကြိုတင်သိထားသင့်သည့် အဓိကအချက် (၅) ချက်။
ယနေ့ခေတ်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ (အထူးသဖြင့် ဘန်ကောက်၊ ဖူးခက်နှင့် ချင်းမိုင်မြို့များ) ရှိ အိမ်ခြံမြေနှင့် ကွန်ဒိုများကို မိသားစုနှင့် ကိုယ်တိုင်နေထိုင်ရန်အတွက်ဖြစ်စေ၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်ဖြစ်စေ ဝယ်ယူမှုများ သိသိသာသာ မြင့်တက်လာပါသည်။ သို့သော် ပြည်ပနိုင်ငံတစ်ခုတွင် အိမ်ခြံမြေဝယ်ယူခြင်းဖြစ်သောကြောင့် အမှားအယွင်းမရှိစေရန်နှင့် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်စေရန် အောက်ပါအချက်များကို ကြိုတင်လေ့လာထားရန် အထူးလိုအပ်ပါသည်။
၁။ နိုင်ငံခြားသား တရားဝင်ပိုင်ဆိုင်ခွင့် (Foreign Quota)
ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဥပဒေအရ နိုင်ငံခြားသားများသည် ကွန်ဒိုပရောဂျက်တစ်ခု၏ စုစုပေါင်း အခန်းဧရိယာ၏ ၄၉% ကို မိမိအမည်ပေါက် (Freehold) ဖြင့်တရားဝင် ဝယ်ယူပိုင်ဆိုင်ခွင့်ရှိပါသည်။ ထို့ကြောင့်မိမိဝယ်ယူမည့် အခန်းသည် Foreign Quota ရရှိနိုင်ခြင်း ရှိ/မရှိကို ပထမဦးဆုံး သေချာစွာ စစ်ဆေးရပါမည်။ အကယ်၍ လုံးချင်း၊အိမ် သို့မဟုတ် ဗီလာများကို ဝယ်ယူလိုပါက ကုမ္ပဏီအမည်ဖြင့် ဝယ်ယူခြင်း သို့မဟုတ် ရေရှည်ငှားရမ်းပိုင်ဆိုင်ခွင့် (Leasehold) ဖြင့်သာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ကုမ္ပဏီဖြင့်ဝယ်ယူပါက ကုမ္ပဏီသည်အမှန်တကယ်လည်ပါတ်နေသော ကုမ္ပဏီဖြစ်ရန်လိုအပ်ပါသည်။
၂။ ငွေပေးချေမှုပုံစံနှင့် အဆင့်ဆင့်ပေးသွင်းရမည့် လုပ်ငန်းစဉ်များ (Payment Schedules)
ကွန်ဒိုဝယ်ယူရာတွင် ဆောက်လုပ်ဆဲ (Off-plan) နှင့် အသင့်နေ (Ready-to-move-in) ဟူ၍ရှိပြီး ငွေပေးချေမှုပုံစံများလည်းမတူညီနိုင်ပါ။ ယေဘုယျအားဖြင့် စရန်ငွေ (Booking Fee) ပေးသွင်းခြင်း၊ အရောင်းအဝယ်စာချုပ်ချုပ်ဆိုချိန်တွင် ပေးသွင်းခြင်း (Contract Fee) နှင့် အမည်ပေါက် ပြောင်းလဲချိန်တွင်ကျန်ငွေအကျေပေးချေခြင်း (Transfer Fee) စသည့် အဆင့်ဆင့်ကို ကြိုတင်နားလည်ထားရန် လိုအပ်ပါသည်။ Developer အများစုသည် payment plan ကိုညှိပေးလေ့ရှိကြပါသည်။
၃။ အခန်းတည်နေရာ၊ အလွှာနှင့် မြင်ကွင်း (Location, Floor & View)
ကွန်ဒိုအခန်းတစ်ခန်း၏ တန်ဖိုးနှင့် နေထိုင်မှုသက်တောင့်သက်သာရှိမှုသည် အလွှာအနိမ့်အမြင့်နှင့် ပြင်ပမြင်ကွင်း (ဥပမာ – City View, River View, Pool View) အပေါ် များစွာမူတည်ပါသည်။ ကိုယ်တိုင်နေထိုင်ရန်ဖြစ်စေ၊ ပြန်လည်ငှားရမ်းရန်ဖြစ်စေ လေဝင်လေထွက်ကောင်းမွန်ပြီး အလင်းရောင်ကောင်းစွာရရှိသော အလွှာနှင့် အရပ်မျက်နှာကို မှန်ကန်စွာ ရွေးချယ်ခြင်းသည် သင့်အိမ်ရာ၏ တန်ဖိုးကို ရေရှည်တွင် ပိုမိုမြင့်တက်စေမည့်အချက်များထဲမှာပါဝင်နေပါသည်။
၄။ ပြုပြင်ထိန်းသိမ်းမှုစရိတ်နှင့် အပိုကုန်ကျစရိတ်များ (Common Fee & Sinking Fund)
အခန်းတန်ဖိုးအပြင် ထည့်သွင်းတွက်ချက်ရမည့် အခြားကုန်ကျစရိတ်များကိုလည်း မေ့ထား၍မရပါ။ ကွန်ဒို၏ ရေကူးကန်၊ အားကစားခန်းမ (Gym)၊ ဓာတ်လှေကားနှင့် လုံခြုံရေးဝန်ဆောင်မှုများအတွက် လစဉ် သို့မဟုတ် နှစ်စဉ် ပေးဆောင်ရမည့် စီမံခန့်ခွဲမှုစရိတ် (Common Fee) ကို ကြိုတင်သိထားရပါမည်။ ထို့ပြင် အဆောက်အအုံ ရေရှည်ပြုပြင်ထိန်းသိမ်းရန်အတွက် အခန်းလွှဲပြောင်းယူချိန်တွင် တစ်ကြိမ်သာ ပေးဆောင်ရမည့် ရန်ပုံငွေ (Sinking Fund) တို့ကိုလည်း သင့်ဘတ်ဂျက်တွင် ကြိုတင်ထည့်သွင်း တွက်ချက်ထားသင့်ပါသည်။
၅။ အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့်ဆိုင်ရာ စည်းမျဉ်းများ (Pet-Friendly Policies)
ယနေ့ခေတ်တွင် ချစ်စရာ pet လေးများနှင့်အတူ အခြေချနေထိုင်လိုသူများ အလွန်များပြားလာပါသည်။ သို့သော် ထိုင်းနိုင်ငံရှိ ကွန်ဒိုအများစုမှာ အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့်ကို ကန့်သတ်ထားလေ့ရှိပါသည်။ ထို့ကြောင့် သင့်တွင် pet လေးများ ရှိနေမည်ဆိုလျှင် Pet-Friendly သီးသန့်ဖြစ်သော ကွန်ဒိုပရောဂျက်များကိုသာ ရွေးချယ်ရန်နှင့် သက်ဆိုင်ရာ အိမ်ရာစည်းကမ်းချက်များကို ကြိုတင်လေ့လာထားရန် အလွန်အရေးကြီးပါသည်။
အထက်ပါအချက်များကို သေချာစွာ လေ့လာပြင်ဆင်ထားခြင်းဖြင့် ပြည်ပတွင် အိမ်ခြံမြေဝယ်ယူရာ၌ ကြုံတွေ့ရနိုင်သော အခက်အခဲများကို ရှောင်ရှားနိုင်ပြီး အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပိုင်ဆိုင်နိုင်မည်မှာ အသေအချာပင်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ အိမ်ခြံမြေဝယ်ယူမှုအတွက် အခန်းအမျိုးအစားရွေးချယ်ခြင်း၊ စာချုပ်စာတမ်း ကိစ္စရပ်များဆောင်ရွက်ခြင်းမှစ၍ ဝယ်ယူပြီးနောက်ပိုင်း အိမ်ခြံမြေစီမံခန့်ခွဲမှုအပိုင်းအထိ ယုံကြည်စိတ်ချရဆုံးသော ဝန်ဆောင်မှုများကို ရယူလိုပါက Tanayar မှ အစစအရာရာ တာဝန်ယူကူညီဆောင်ရွက်ပေးရန် အသင့်ရှိနေပါတယ်နော်။
အသေးစိတ်ပိုမို သိရှိလိုပါက tanayar.com တွင်ဝင်ရောက် လေ့လာနိုင်သလို FB page Chat Box (https://www.facebook.com/share/1Dy4xBCeZn/) မှတဆင့်လည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


