Referral Program တွင် Registeration ပြုလုပ်ပြီးပါက ဆက်လက် ဆောင်ရွက်ရမည့်အဆင့်များ။
Tanayar Referral Program အတွက် Registration ပြုလုပ်ပြီးသူများ၊ ဆက်လက်လုပ်ဆောင်ရန်အတွက် လိုအပ်သည်များကိုပြောပြသွားပေးမှာဖြစ်ပါတယ်။
- အသိမိတ်ဆွေများဖြစ်စေ၊ ဆွေမျိုးများဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်စေ၊ Condo ဝယ်ယူလိုပါက Tanayar Messenger တွင်ဝယ်ယူလိုသူ၏ အမည်၊ Viber number နှင့် Passport number ကိုအရင်လာပေးရပါမည်။
- ပြီးလျှင် Tanayar မှ agent ရယ်၊ ဝယ်ယူလိုသူရယ်၊ Tanayar ဖက်မှ တာဝန်ရှိသူရယ်နှင့် Viber တွင် Group ဖွဲ့၍ Client ၏ လိုအပ်ချက်ကိုမေးမြန်း၍ အသေးစိတ်စတင် ဆွေးနွေးပေးမှာဖြစ်ပါတယ်။
- ထိုမှတစ်ဆင့် Client သည် Condo ကြည့်လိုပါက Tanayar မှဦးဆောင်၍ လိုက်ပြပေးမည် ဖြစ်ပြီး၊ ဝယ်ယူဖြစ်ပါက Viber Group ထဲတွင်၊ အကြောင်းကြားပေးမည်ဖြစ်ပီး၊ လိုအပ်သည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်သွားပေးမည်ဖြစ်ပါသည်။
- Condo လိုက်ပြသည့်အချိန်မှစ၍ ပြီးဆုံးသည်အထိ Tanayar မှဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး၊ agent ပါဝင်ဆောင်ရွက်စရာ မလိုပါ။
- Agent Commission အား၊ Client SPA ထိုးပြီး၊ 30% ပေးချေပြီးသည့် အချိန်မှစ၍ 4 weeks အတွင်းပေးမည် ဖြစ်ပါသည်။
- Condo ဝယ်ယူရာတွင်သိရမည့် အချက်များကို၊ Tanayar website နှင့် Page ပေါ်တွင်တင်ပေးထားပါသည်။ Agent များ Marketing လုပ်ရာတွင် ထို Information များကိုအသုံးပြုနိုင်ပါသည်။
- Client မေးသော မေးခွန်းများကို မဖြေတတ်ခဲ့လျှင်၊ Information အမှားမပြောမိစေရန်၊ Tanayar သို့အချိန်မရွေးလာရောက် မေးမြန်းနိုင်ပါသည်။ Information မှားပြောမိလျှင် နောက်ပိုင်းတွင် ပြသနာတက်နိုင်ပါ၍ အထူးသတိထားရန်လိုအပ်ပါသည်။
☎️ Contact:
Thai Phone – 0947427508
Thai Phone – 0946257063
Viber – +959788145958 (viber only)


